KHITPYAING NEWS
November 10, 2008
မြန်မာ ဘင်္ဂလားဒက် အရေးအခင်းနှင့် ပတ်သက်၍ ယနေ့မနက် ၁၀ နာရီက နေပြည်တော်မှာ ထိပ်သီးစစ်ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး နေပြည်တော်တခုလုံး တပ်လှန့်ထားသည့်အတွက် နေပြည်တော်ဝန်ထမ်းများ စိုးရိမ်နေကြသည်။
နေပြည်တော် အရေးပေါ်အစည်းအဝေးမှ အသေးစိတ်ဆုံးဖြတ်ချက်များကို မသိရသေးသော်လည်း မြန်မာ ဘင်္ဂလားဒက်နယ်စပ်သို့ မြန်မာဘက်မှ စစ်အင်အား အမြန်ဖြည့်တင်းရေးပါဝင်နိုင်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
ဘင်္ဂလားဒက်နိုင်ငံကလည်း စစ်တကောင်းတိုင်း ကောက်ဘဇားခရိုင် ရာမူးခရိုင်ခွဲမှ ထောင်ပေါင်းများစွာရှိ စစ်သည်များကို မြန်မာနယ်စပ်သို့ပို့ထားသည်ဟု The Daily Star သတင်းစာက ရေးသည်။ မြန်မာဘက်က ဘင်္ဂလားဒက်နယ်စပ်တွင် စစ်အင်အား တိုးမြှင့်သည့်အတွက် ဘင်္ဂလားဒက်ဘက်မှ ယခုကဲ့သို့ စစ်အင်အား ထပ်မံတိုးချရခြင်းဖြစ်သည်ဟုပါ ဖော်ပြသည်။
အခြေအနေ ပိုပြီးတင်းမာလာလျင် ကောက်ဘဇားထိ စစ်အင်အား တိုးမြှင့်ချထားမည်ဟု စစ်တကောင်းသတင်းရပ်ကွက်များကို ကိုးကားပြီး အဆိုပါ သတင်းစာက ရေးသည်။ နယ်စပ်စစ်ရေးတင်းမားမှုကြောင့် ကောက်ဘဇားခရိုင် တက်ခနတ်မှာလည်း အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment